.¸¸.•♥´¨`♥•.¸ •.¸¸.• •.¸¸.•♥´¨`♥•.¸ ¸.•♥♥Happy new year 2009 for all♥♥.¸¸.•♥´¨`♥•.¸ •.¸¸.• •.¸¸.•♥´¨`♥•.¸ ¸.•

2008-04-30

♥အချစ် နဲ့ သံယောဇဉ်♥

အချစ်
♥♥♥♥
အချစ်မှာ....
ပိုင်ဆိုင်ဖို့ ချစ်တာရှိသလို....
ပေးဆပ်ခြင်း နဲ့ ချစ်တာလဲရှိတယ်....

သံယောဇဉ်
♥♥♥♥♥♥♥
သံယောဇဉ် ဆိုတာကတော့...
ပိုင်ဆိုင်ဖို့ အတွက်
မပါပါဖူး....

ကျေကျေနပ်နပ်နဲ့ ကို
တယောက်နဲ့ တယောက်
ဖြည့်ဆည်းပေးတတ်ကြတာ...

ဒါကြောင့်..
သံယောဇဉ်ဆိုတာ..
အချစ်ထက်တော့ ပိုပြီး..
အေးချမ်းပါတယ်...

တခုပဲ...
ဒီလို အေးချမ်းတဲ့
သံယောဇဉ် ကို ဖြတ်ချင်တယ်ဆိုရင်တော့....

အချိန် ဆိုတဲ့
ဓါးထက်ထက် ၁ ချောင်းတော့
လိုလိမ့်မယ်...

2008-04-25

♥ကျွန်တော်စိုက်ခဲ့ တဲ့ အချစ်သစ်ပင်♥

သစ္စာတရားနဲ့တူတဲ့ အလင်းရောင်.....
ကြင်နာခြင်းဆိုတဲ့ လေ....
မေတ္တာဆိုတဲ့ မြေ....
မြတ်နိုးခြင်းဆိုတဲ့ ရေ....

ဒါတွေ ဒါတွေ နဲ့ ....

အချစ်ဆိုတဲ့ သစ်ပင်လေးကို.....
နှလုံးသားဆိုတဲ့ မြေဆီလွှာမှာ....

ကျွန်တော်စိုက်ခဲ့တာ......

2008-04-18

♥အနာဂါတ်အထိပါမယ့် အတိတ်♥

တနေ့ ပီးတော့ နောက်တနေ့ ...
ဒီလိုနဲ့ ....
နေ့သစ်တွေက မဖိတ်ခေါ်ပဲ..
ရောက်လာကြအုံးမှာပါ...


ဒီလိုပါပဲ...
အတိတ် ဆိုတာကလဲ....
မထားခဲ့ချင်လဲ...
အတိတ်ဟာ...
အိပ်မက်တခုလိုပျောက်ကွယ်သွားအုံးမှာပါ...


ဒါပေမယ့်...
အိပ်မက်လို မှေးမှိန်သွားမယ့် ..
အတိတ်ဆိုတဲ့ အရာထဲက...
နှစ်ယောက်အတူ ရှိခဲ့တဲ့ အချိန်လေးတွေကိုတော့...
ငါမထားခဲ့ချင်ဖူး....

သေချာတာ တခုကတော့...
အခု ပစုပ္ပန်ရော...
နောက်..
အနာဂါတ်တွေ အထိပါ...
သယ်သွားမှာ..

2008-03-31

! ၅ လောင်းပြိုင်လူသတ်မှု!


ရန်ကုန်မြို့ တွင်ဖြစ်ပွားသော ၅ လောင်းပြိုင်လူသတ်မှု ဖြစ်ပါသည်..အသေးစိတ်သိလိုသူများ အောက်ပါ Link တွင်သွားရောက်ကြည့်ရှုနိုင်ပါသည် http://www.esnips.com/web/5Peoplekilled

2008-03-22

♥မိုးတိမ် တွေ ငိုနေကြတာ♥

သစ်ပင်လေးတွေ စိမ်းလန်းဖို့
မိုးစက်လေးတွေ လိုတယ်..

ပန်းလေးတွေ ပွင့်ဖို့ လဲ
မိုးစက်လေးတွေ လိုတယ်..

မိုးစက်လေးတွေက...
ဘယ်ကရ ???

တကယ်တော့...
မိုးစက်လေးတွေက...
မိုးတိမ်တွေစီက ရတာပါ...

ဒါပေမယ့်...
မိုးတွေရွာနေတာ မဟုတ်ပါဖူး...

မိုးတိမ် တွေ ငိုနေကြတာပါ !!! ...

( အားလုံးအတွက် မိုးတိမ် တွေရဲ့ မျက်ရည်တွေ စတေးပေးလိုက်တာပါ.. )

♥Women Are Like Mother Of The Earth♥

ဒါလေးက..ကဗျာတော့မဟုတ်ပါဖူး...
ထိုင်း မှာ အခု မုဒိမ်းမှုတွေ အရမ်းကို များနေပါတယ်....
ထိုင်း နဲ့ မလေး နယ်စပ်မှာ.. ဆရာမလေး ၁ ယောက်ကို မူဆလင် ၁၀ ယောက်က မုဒိမ်းကျင့်ပီး...
သိပ်မကြာသေးခင်က သတ်ပစ်လိုက်ပါတယ်...
မြန်မာမှာလဲ တော်တော်ကို များနေပါတယ်...အဲလိုမျိုးတွေ...
..
မိန်းကလေးတွေ ဆိုတာ ကမ္ဘာကြီးရဲ့ မိခင်တွေပါ...
ဒီလိုမျိုးတွေ ဆိုတာ မလုပ်သင့်ပါဖူး !!! ...
..
ဒါကြောင့်..
ယောက်င်္ကျားလေးများခင်ဗျာ..

မိန်းကလေးများကို ကိုယ့်ညီမလို စာနာပါ..
တန်ဖိုးထားပါ..လို့

ပြောချင်တာပါ..

Women Are Like Mother Of The Earth..
So Let's Help Women!!!

2008-03-18

♥ဖြစ်ချင်တာနဲ့ ..ဖြစ်လာတာ♥

ငါ အဖော်လုပ်ပေးခဲ့ဖူးတဲ့သူတွေ.
အခုတော့..
ငါ့ ကိုမလိုအပ်တော့ဖူး !!! ..

ငါ သင်ပေးခဲ့တဲ့ သူတွေ..
အခုတော့..
ငါ့ ကို ဆရာပြန်လုပ်နေကြပီ !!! ..

အခု..
ငါ သိလိုက်ပီ...

တကယ်တော့...
ငါ ဟာ အားလုံးအတွက်တော့...
မရှိသုံးတယောက်ပါ !!! ...

( ငါဖြစ်ချင်ခဲ့တာက...အားလုံးအတွက်မရှိမဖြစ် ...ဖြစ်လာတာကတော့ မရှိသုံး )

2008-03-14

♥စိတ်ဓါတ်တွေ အောက်ပြုတ်ကျနေပါတယ် ♥

ဘ၀မှာ အကြိမ်ကြိမ်..
လဲကျခဲ့ဖူးတယ်...

မိဘအထောက်အပံ့ မယူပဲနဲ့
၅ နှစ် နဲ့ ၂ လ တိတိ...
ကိုယ့်ဘာသာ ရပ်တည်ခဲ့ဖူးတယ်....

လဲကျတိုင်း
ပြန်ထနိုင်ခဲ့တဲ့ ငါ....

အခုလဲ
လဲကျပြန်ပီ !!! ...

ဒီတခါကတော့..
Online ပေါ်မှာ လဲကျတာ...

ပြန်ထနိုင်ဖို့ လဲ...
အချိန်တော်တော် ယူရအုံးမယ်....

ဘာလို့လဲဆိုတော့...
( ဒီတခါက...ငါ့ စိတ်ဓါတ်တွေ ပြိုလဲကုန်လို့ !!! )

2008-03-13

♥ငါလို ချင်တာ♥

မင်း ဘယ်သူလဲ ???

ဘာကောင်လဲ ???

ဘာတွေ ပိုင်ဆိုင်လဲ ???

ပညာဘယ်လောက်တတ်လဲ ???

ဒါတွေ တခုမှမပါ ပါဖူး...

ဒါကြောင့်...
ကျွန်တော့်ရဲ့ သူငယ်ချင်းများခင်ဗျာ...

မင်းတို့ ရဲ့
အပေါ်ယံမျက်နှာဖုံးတွေကို

ငါ့ရဲ့ အခန်းဆံခါးဝမှာ ချွတ်ပစ်ခဲ့ကြပါ !!! ....

ငါလို ချင်တာ...
ဟန်ဆောင်မှုကင်းမဲ့တဲ့ ....
အပြုံးစစ်စစ်ကိုပါ !!!


I Dun care Who You Are (or) What You Are...I Care OnlY FrIenDshIp!!!

2008-03-07

♥ဆပ်ပြာပူဖောင်း♥

အပ်ဖျားတထောက်စာ..
ဒါဏ်ရာ လေးဆိုပေမယ့်..

ဆပ်ပြာပူဖောင်း
တလုံးအတွက်တော့ ....
သေနိုင်ပါတယ် !!!

ဒီလိုပါပဲ...

ငါ့နှလုံးသား ကို...
ဆပ်ပြာပူဖောင်းလို သဘောထားပီး...
မင်းက အပျင်းပျေအောင်
အပ်ဖျားလေးနဲ့ ပဲ ထိုးခဲ့တာပါ...

ဒါပေမယ့် ကွာ...

(ငါ့အတွက်တော့....... ???)

2008-03-05

♥အပြုံးတု♥



ပျော်ရွှင်မှုတွေနဲ့
တန်ဆာဆင်ထားတဲ့ ငါ့မျက်နှာမှာ

ကြေကွဲနေတဲ့ ..

အရိပ်အရောင်တွေများ..
ထင်ရှားနေလား ချစ်သူ ???

♥B U T♥

ငါလဲ အတတ်နိုင်ဆုံးတော့
ပြုံးထားတာပဲကွာ..

ဒါပေမယ့်ကွာ..
အချစ်ရဆုံးသူကို
ဆုံးရှူံးရတာ ဆိုတော့လဲ

( ငါ့အပြုံးတွေက...ဘယ်ပီပြင်နိုင်တော့မလဲကွာ!!! )

♥ရူးသွပ်ခြင်း♥

F R I E N D S H I P
♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥

သူငယ်ချင်း ဆိုတာ ...
ဘာလဲ ???

တယောက် ရဲ့ ပျော်ရွှင်မှု...
တယောက်ရဲ့ ၀မ်းနည်းမှု...

ဒါတွေ..ဒါတွေ ကို...
မျှဝေဖို့ မဟုတ်ဖူးလား ???

နောက်ပီး ...

Online ကသူငယ်ချင်း
အပြင်မှာ ပေါင်းတဲ့
သူငယ်ချင်း ...

သူငယ်ချင်း ဆိုတဲ့
အဓိပ္ပါယ်ချင်း ...

တူရမှာပေါ့နော် ???

ဒါပေမယ့်...
ဒါဟာ ကျွန်တော်ရူးသွပ်တာပါလားလို့
သိလိုက်ပါပီ !!!...

( Online က သူငယ်ချင်းတွေကို...တကယ်ကို ကြောက်သွားပါပီ !!! )

2008-03-03

♥သူငယ်ချင်း BBQ♥

အတွေးအိမ်မှာ
ကောက်ကွေ့ ယှက်လိမ်
ပုန်းကာဝင်ရောက်
သူ့ အရိပ်ကြောင့်
အိပ်ပျက်ညများ
ကြာရှည်ပြီ..

မျက်ဝန်းထဲတွင်
သူ့ ရိပ်သွင်ရယ်
ညစဉ်နှိပ်စက်
သိပ်သိပ်ခက်ပြီ

အိပ်စက်နားခွင့်ပေးပါ...သခင်
(ချစ်သူငယ်ချင်း BBQ
အတွက်)

♥ချစ်ရမှာ ကြောက်တာပါ♥

ကောင်မလေးတယောက်ကပြောဖူးတယ်...
အရမ်းချစ်တယ်တဲ့...

အချစ် ဆိုတာကိုမှ
မသိသေးတော့...

ဘာမှ ပြန်မပြောလိုက်ဖူး...
ငြိမ်နေလိုက်တယ်...

အဲဒီကောင်မလေးက ပဲ
ထပ်ပြောသွားသေးတယ်...

ယူက အသဲနှလုံးမရှိတဲ့သူတဲ့ !!..

တကယ်တော့..
ကျွန်တော်မှာ အသဲနှလုံးရှိပါတယ်..

ချစ်လိုက်လို့
အသဲကွဲသွားမှာ စိုးလို့
ပြန်မပြောလိုက်တာပါ....

♥???♥

ငါ့ နှလုံးသွေး နဲ့
ဆွဲထားတဲ့...
ရင်ထဲကနှစ်ချို့ ပန်းချီကား....
ဘယ်သူဈေးကောင်း ပေးဝယ်မလဲ ???

အသဲကွဲ စာမျက်နှာတွေ
ပြည့်နှက်နေတဲ့...
ငါ့ ရဲ့ ဒိုင်ယာရီစာအုပ်...
ဘယ်သူကများဖတ်ချင်မလဲ ???

အထီးကျန်မှုတွေနဲ့
ကုန်ဆုံးနေရတဲ့
ငါ့ ရဲ့ ညတွေ...
ဘယ်သူများ နားလည်ပေးမလဲ ???

2008-02-22

♥၂၀၀၈ ခုနှစ် ဖေဖေါ်ဝါရီလ ၂၀ ရက်♥

၂၀၀၈ ခုနှစ် ဖေဖေါ်ဝါရီလ ၂၀ ရက်..
ကျွန်တော့်ရဲ့ ၂၃ နှစ်မြောက်မွေးနေ့ ..
ကျွန်တော် လူ့ လောက ကိုစရောက်တဲ့အချိန်..
ည ၁၂ နာရီ ၃၀..

Online ပေါ်မှာ ပျော်နေမိတဲ့ ကျွန်တော်..
Headphone ကြီးကို နားမှာချိပ်...
သီချင်းနားထောင်နေလိုက်တာ..
အပြင်မှာ ဘာတွေဖြစ်နေမှန်းကိုတောင်
မသိတဲ့ ကျွန်တော်..

အပြင်မှာတော့..
ကမ္ဘာပျက်နေတာကို မသိလိုက်ဖူး ..

ဥသြသံ ရှည်ကြီးကြားမှ..
အပြင်ထွက်
ကောင်းကင် ကို
မော့ကြည့်လိုက်တော့..
အိမ်ခေါင်မိုး ကိုတောင်ကျော်နေတဲ့ ...
မီး တွေလေ..
မီးဖွားတွေကလဲ တဖွားဖွားနဲ့ ...

အဲဒီတော့မှပဲ သိတော့တယ်..
အိမ် ရဲ့ တလမ်းကျော်မှာ
မီး တွေအကြီးအကျယ်
လောင်နေတာလေ..

ကယ် ပါ ယူ ပါ တစာတစာနဲ့
အော်နေတဲ့အသံတွေ..
ကလေးတွေရဲ့
ငို သံတွေ..
ဟိုပြေးဒီပြေးဖြစ်နေတဲ့
လူအုပ်ကြီးတွေ..

အဲဒီညက
မီးလောင်တာ ၄ နာရီလောက်ကြာတယ်.
အိမ် ၃၀ ..
လူပေါင်း ၃၈၀ ..
အိုးမဲ့အိမ်မဲ့ ဘ၀ရောက်သွားလေရဲ့ ...

ဘာပဲပြောပြော
ကျွန်တော့်ရဲ့ ၂၃ နှစ်မြောက်မွေးနေ့ ကတော့..
ကျွန်တော့်ဘ၀မှာ
မေ့ မရတဲ့ နေ့ တစ်နေ့
ဖြစ်သွားခဲ့လေရဲ့ .....

2008-02-03

♥အသွားနဲ့ အပြန်♥

အချစ်ဆိုတာဘာလဲ ?
ပေးဆပ်ဖို့ လား ?
ရယူခြင်းလား ?
တကယ်တော့...
အချစ်စစ်ဆိုတာ...
ပေးဆပ်ဖို့ မဟုတ်သလို...
ရယူဖို့ လဲမဟုတ်ပါဖူး...
အသွား အပြန်တူညီဖို့ ပဲလိုတာပါ....

♥မိန်းကလေးများသို့ ♥

အချစ်တခုတည်းနဲ့...
ဘ၀တစ်ခုကိုတည်ဆောက်လို့  မရဖူး...

တူနှစ်ကိုယ်
တဲအိုပျက်မှာနေပီး...
ထမင်းရည်သောက်မယ်ဆိုတဲ့
ခောတ်ကလည်း
ကုန်သွားပါပီ...

ဒါပေမယ့်..
အချစ် မပါပဲနဲ့  လည်း
ဘ၀နှစ်ခုကို ပေါင်းစပ်လို့
မရဖူး...

ဒါကြောင့်...
မိန်းကလေးများခင်ဗျာ....
ငွေရှိရုံတခုတဲနဲ့
ချစ်ပါတယ်  ဆိုတဲ့
အဖြေကိုပြန်မပေးလိုက်ကြပါနဲ့  ခင်ဗျာ..

♥အချစ်စစ်♥

လူတစ်ယောက်နဲ့  တစ်ယောက်ချစ်ဖို့  ဆိုတာ...

ဦးနှောက် နဲ့  ဆုံးဖြတ်တာလား  ?

နှလုံးသားနဲ့  ရွေးချယ်တာလား ?

ကျွန်တော်ကတော့...
နှလုံးသား နဲ့  ပဲ ဆုံးဖြတ်တယ်...

ဦးနှောက်နဲ့  ဆုံးဖြတ်လိုက်ရင်...
အချစ်စစ် မရနိုင်တော့လို့  ပါ...

♥နိယာမ♥

အချိန်တွေဟာလဲ..
စက္ကန့်  နဲ့ အမျှပြောင်းလဲနေတယ်...

နွေခေါင်ခေါင်ကြီးမှာလည်း
မိုးတွေ ရွာနေတယ်...

ပိတောက်တွေဟာ.
သင်္ကြန်ပီးလည်း ပွင့်နေကြတာပဲ...

အရာအားလုံးဟာ...
သစ္စာမရှိကြတော့ဖူး....

ဒါကြောင့်...
ကောင်မလေးရေ...
မင်းရဲ့ ပြောင်းလဲမှုကိုလည်း
အပြစ်မတင်တော့ပါဖူး...

မလွန်ဆန်နိုင်တဲ့
နိယာမကြီးတစ်ခုလို့ ပဲ...
သတ်မှတ်လိုက်တော့မယ်....

♥ဘွဲ့ ရဖြစ်ရမည်♥

ကျွန်တော် မြို့ထဲသွားရင်း
ဆိုင်းဘုတ်တခုကို
တွေ့ ခဲ့တယ်...

ညစောင့်အလိုရှိသည်..
ဘွဲ့ ရ ဖြစ်ရမည် တဲ့...

ညစောင့်လုပ်ဖို့ က
ဘွဲ့ ရမှဖြစ်မှာလား ?...

ဘွဲ့ ဆိုတာ လူ လူ ချင်းသတ်မှတ်ထားတဲ့
သတ်မှတ်ချက်လေးတခုပါ...

ကျွန်တော်ကတော့...
လူ လူချင်းသတ်မှတ်ထားတဲ့
အဲဒီဘွဲ့ ကြီးကို အထင်မကြီးဖူး....

လောကကြီးက
ပေးနေတဲ့ ဘ၀အတွေ့ အကြုံတွေ ကိုပဲ..
လိုချင်တယ်...

2008-01-23

♥မင်းမြင်နိုင်ရဲ့ လားချစ်သူ♥

ဟန်ဆောင်မှုတွေနဲ့
တန်ဆာဆင်ထားတဲ့...
ငါ့ရဲ့ အပြုံးတွေထဲမှာ...
နာကျင်မှု အရိပ်ရောင်တွေများ...
မင်း တွေ့ သွားလား
ချစ်သူ....

ငါလဲ အတတ်နိုင်ဆုံးတော့
ပြုံးထားတာပဲကွာ...

ဒါပေမယ့်...
အချစ်ရဆုံး သူကို
ဆုံးရှုံးရတာဆိုတော့လဲ....

ငါ့အပြုံးတွေက..
ဘယ်ပီပြင်တော့မှာလဲကွာ....

နာကျင်တဲ့ အပြုံးတွေပဲ ဖြစ်ကုန်တော့မှာပေါ့
...

♥ခေါင်းစဉ်မရှိ♥

နှလုံးသားတစ်ခုကို...
ကျောပိုးအိပ်မှာ ထည့်...

ဘ၀ ဆိုတဲ့ လမ်းပေါ်ကို..
တလှမ်းချင်းလျှောက်......

Online ဆိုတဲ့ လမ်းဆုံကိုရောက်တော့...
မောလို့ ခနနား....

နားပီးတော့ လမ်းဆက်လျှောက်....
ခဏကြာတော့...

ကျောပိုးအိပ်ကို သတိထားမိတော့မှ...
သိလိုက်ရတာက....

ကျွန်တော့်နှလုံးသားလေး...
အခိုးခံလိုက်ရပါလားလို့
.........

2008-01-10

♥ဖွင့်မမေးဖူး....သိမ်းထားလိုက်တော့မယ်♥

ကောင်မလေး ၁ ယောက်ကို ချစ်တယ် လို့ ...
ဖွင့်ပြောလိုက်ဖို့ က..
လွယ်ပါတယ်...

"ချစ်လား" လို့...
ဖွင့်ပီး မေးလိုက်ဖို့ လဲ လွယ်တာပဲ...
♥••♥••♥••♥••♥
ဒါပေမယ့်...

"မချစ်ပါဖူး" လို့
ပြန်ပြောလိုက်မှာကို...
မကြားဝံ့လို့ ...
မမေးတော့တာပါ......

2008-01-09

♥ တောင်ပံ တစ်စုံ♥

English တွေကတော့...
မိုးပေါ်မှာ ကောင်းကင်ဘုံ ရှိတယ်တဲ့...

ဗမာတွေကတော့...
မိုးပေါ်မှာ နတ်ပြည် ပေါ့...

ကျွန်တော်ကတော့....
ကောင်းကင်ဘုံ ဆိုတာ ရှိလား မရှိလား မသိဖူး....

ဖြစ်နိုင်ရင် တောင်ပံ တစ်စုံပဲလိုချင်တယ်...

2008-01-05

♥အချစ်ဆိုတာ♥

အချစ်ဆိုတာ...ဘာလဲ... ညတိုင်း စဉ်းစားကြည့်တယ်....
ပေးဆပ်ခြင်းလား.........ရယူဖို့ လား..........သေချာတာကတော့...အချစ်ဆိုတာ...ကျွန်တော့် အတွက်တော့....ရယူခြင်း မဟုတ်တာတော့...... သေချာတယ်...

2008-01-04

♥What Can I Do To Make You Love Me♥

ကျွန်တော်... ဒီ Mpeg file လေးကိုတင်ဖို့ ..... အချိန် ၂ နာရီလောက်ကြာပါတယ်.... ဒါတောင်... ည ဖက် လူတွေ မသုံးတဲ့ .... အချိန်ကျမှရတာပါ....
ဒါကြောင့် .... connection လေးချင် လေးမယ်....ဒါပေမယ့်.... ကျွန်တော် ကြိုက်လွန်းလို့ပါ...
ဒီ သီချင်းလေးက... ကျွန်တော် နဲ့ ... ဖြစ်ရပ်ချင်း တော်တော်လေးကိုတူနေလို့ပါ......
File size ကတော့ 50 MB ရှိပါတယ်....သီချင်း Name ကတော့ What Can I Do To Make You Love Me ပါ....အားလုံးပဲ သိပီးသားဖြစ်ကြမှာပါ.....နားဆင်ကြည့်ကြပါဗျာ...
.

2008-01-03

♥နှလုံးသားအခိုးခံလိုက်ရတဲ့ ကျွန်တော်♥

ကျွန်တော့်မှာ....
ကဗျာတွေ ကို ရေးဖို့

လက်တစ်စုံ ရှိတယ်.....

မှား တာ မှန်တာတွေ....
ဆုံးဖြတ်ဖို့ ....

ဦးနှောက်တစ်လုံးရှိတယ်...

အချစ် တွေ အမုန်းတွေ ....
ဖန်တီး ဖို့ တော့.....
နှလုံးသား တစ်လုံး.....

အရင်ကတော့ရှိတယ်.....

ခုတော့ မရှိတော့ပါဖူး.....
အခိုးခံလိုက်ရလို့ပါ........

2008-01-01

♥Online ပေါ်က Snap Shot လေးတစ်ခု...♥

Cloud : "ကျွန်တော့် ကို Block ထားလားဟင်
ဘာလို့ လဲဗျ....
:'( "
????? : "ဟုတ်တယ်လေ.....
စကားမှ မပြောတာကို.....
"
Cloud :" အို.....
:O
ဒီလိုမျိုးရှိလားဟင်...

:'( "

block တော့လဲ....
သူတို့ သဘော.....
အရင် add တော့လဲ သူတို့ ပဲ.....
.....
ဒါပေမယ့်....
Block ချင်ရင်လဲ....
Block လိုက်ပီလို့တော့ ပြောကြပါနော်.....
.......
ကျွန်တော့်စီမှာ.....
offline friends တွေ အရမ်းများနေလို့ပါ.....

♥Thanks ပါ...♥

အချစ် ဆိုတာ ဖြစ်ဖို့ ....
ခံစားချက် ဆိုတဲ့ ကုန်ကြမ်း လိုတယ်...

ဒီလိုပါပဲ.....
အမုန်း ဆိုတာ ဖြစ်ဖို့ အတွက်.....
နာကြည်းမှု ဆိုတာ လိုပြန်ရော..........

ကျွန်တော့် ကို....
အချစ် ရော အမုန်း ကဗျာ တွေပါ ရေးနိုင်ဖို့ .....
ကုန်ကြမ်း တွေ ပေးခဲ့တဲ့....
Online က Friends အားလုံးကို လဲ....
Thanks ပါ....